Sunday, February 9, 2014

Window OEM (Original Equipment Manufacturer) ဆိုတာ....?

                         

 ဒီပို့စ်လေးက ကြာတော့ ကြခဲ့ပါပြီ  MMiTPro ဖိုရမ်မှာ ကို Thiha Oo
ရေးထားတာလေးပါ .. Window OEM  တွေ တင်ပေးစရာရှိလို့ ဒီပို့စ်လေးကို အရင်မျှဝေပေးလိုက်တာပါ.. အားလုံး ဗဟုသုတ တိုးပွားကြပါစေ...။

Activate 64-bit Windows 7 with 32-bit's product key

ဒီ Post ကို ကျွန်တော် လက်တွေ့ ကိုယ်တိုင် စမ်းကြည့်ပြီးမှ ရေးဖြစ်တာပါ။ Windows 7 OEM installation နဲ့ ပါတ်သက်တဲ့ အတွက် 32-bit နဲ့ 64-bit installer ကြားမှာ product key တစ်ခုထဲကို သုံးလို့ ရမရ သိချင်လို့ forum တွေမှာ လေ့လာကြည့်၊ မေးကြည့်တော့ အမျိုးမျိုးနဲ့ သေချာ တိကျတဲ့ အဖြေကို မရဘူးလို့ ခံစားရပါတယ်။


Windows 7 installer တွေကို ၀ယ်ရင် OEM (Original Equipment Manufacturer) edition, Retail edition နဲ့ Upgrade ဆိုပြီး ၃ မျိုးရှိတာ ကျွန်တော်တို့ သိပါတယ်။ များသောအားဖြင့် မြန်မာနိုင်ငံမှာ pirated (cracked) installer တွေကို သုံးပြီး install လုပ်သူတွေ အတွက်တော့ ဒါတွေကို ဂရုထားစရာ လိုမယ် မထင်ပါ။ တစ်ကယ်တမ်း Windows 7 installer တွေကို ၀ယ်သုံးမယ် ဆိုရင်တော့ သေချာစဉ်းစားဖို့ လိုပါတယ်။

OEM installer တွေက ဈေးအသက်သာဆုံး ဖြစ်ပါတယ်။ Windows 7 Home Premium ကို 120 S$ လောက်ပေးရ ပါတယ်။ Windows 7 Professional OEM ဆိုရင် ၁၉၀ စင်ကာပူ ဒေါ်လာ လောက်နဲ့ OEM Ultimate version ဆိုရင် ဒေါ်လာ ၂၅၀ လောက် ရှိနိုင်ပါတယ်။ OEM က ဘာလို့ ဈေးသက်သာရ သလည်းဆိုရင် OEM Windows installer နဲ့ အတူ ပါလာတဲ့ product key (serial key) ကို သုံးပြီး ကွန်ပျူတာကနေ activate လုပ်လိုက်ပြီ ဆိုတာနဲ့ အဲဒီ product key ကို တစ်ခြား စက်မှာ သုံးလို့ မရတော့ပါဘူး။ ဆိုလိုတာက OEM Windows ရဲ့ product key တွေက စက်တစ်ခုကို အသေ မှတ်ထားပါတယ်။ ဒီစက်ထဲကို ထည့်ပြီးရင် တစ်ြခား စက်မှာ activate ပြန်လုပ်လို့ မရတော့ပါဘူး။
ဒါကြောင့် ဈေးသက်သာတာပါ။ စက်တစ်ခုမှာပဲ သုံးလို့ရပါတယ်။ ဘာကြောင့်လည်း ဆိုတော့ OEM Windows installation key က သူ့ကို ထည့်လိုက်တဲ့ computer ရဲ့ motherboard ကို အသေမှတ်ထားပြီး activate လုပ်တဲ့ အချိန်မှာ Microsoft ကို လှမ်းပြီး register လုပ်ထား လိုက်တဲ့အတွက် install လုပ်ပြီးလို့ activate လုပ်လိုက်ပြီ ဆိုတာနဲ့ သူ့ကို တစ်ခြား ကွန်ပျူတာကို ပြောင်းပြီး activate ပြန်လုပ်လို့ မ၇တော့ပါဘူး။ OEM Windows 7 installer ကို ၀ယ်ရင် 32-bit နဲ့ 64-bit ကို သီးသန့် တစ်ခုစီ ၀ယ်ရပါတယ်။ ၂ ခု တွဲမရောင်းပါဘူး။ အမှန်တစ်ကယ်က OEM Windows installer တွေက end-user တွေ အတွက် မရည်ရွယ်ပါ။ Computer စက်တွေ ကို ဆင်ပြီး ရောင်းတဲ့သူတွေ အတွက်သာ ရည်ရွယ်ပါတယ်။ ဒါကြောင့် OEM က ဈေးသက်သာ ပေမယ့် Microsoft က technical support လည်း မပေးပါဘူး။

                   

 Retail version ဖြစ်တဲ့ Windows 7 installer တွေက ပိုဈေးကြီး ပါတယ်။ သူတို့ကို End user တွေ အတွက် တစ်ကယ် ရည်ရွယ်ပြီး ရောင်းတာပါ။ ဒါကြောင့် package လေးကလည်း လှတယ်။ User guide စာအုပ်လေးလည်း ပါတယ်။ ပြီးတော့ Retail version Windows installer ကို ၀ယ်ရင် 32-bit နဲ့ 64-bit အတွက် အထဲမှာ DVD နှစ်ချပ် ပါပါတယ်။ ဒါကြောင့် user က ကြိုက်တာကို install လုပ်လို့ ရပါတယ်။ Retail version Windows 7 Home Premium က 255 S$ လောက်ရှိပြီး Windows 7 Professional ဆိုရင် 450$ လောက် ပေးရပါတယ်။ OEM ထက် ပိုလို့ ဈေးကြီးပါတယ်။ Retail version က တစ်ခုကောင်းတာက ကွန်ပျူတာ တစ်လုံးထဲကို အသေမှတ်ထား တာမျိုး မရှိပါဘူး။ သူ့ကို ကွန်ပျူတာ တစ်ခုမှာ install လုပ်ပြီးလို့ activate လုပ်ပြီးရင် နောက်ပိုင်းမှာ တစ်ခြား ကွန်ပျူတာကို ပြောင်းပြီး activate ထပ်လုပ်လို့ ရပါတယ်။
 များသော အားဖြင့် အနည်းဆုံး ၃ ကြိမ် ပြောင်းထည့်ခွင့် ရှိပါတယ်။ ၃ ကြိမ်ထက် ပိုပြီး ကွန်ပျူတာ တစ်လုံးကနေ နောက်တစ်လုံးကို ပြောင်းပြီး activate လုပ်ရင် Microsoft ကို ဖုန်းခေါ်ပြီး product activate key ကို သူတို့ ဖုန်းထဲက ပြောတဲ့အတိုင်း ပြန်ထည့် ပေးဖို့တော့ လိုကောင်း လိုပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Retail
Version installer တွေက ကွန်ပျူတာကို ပြောင်းပြီး activate ပြန်လုပ်လို့ ရနိုင်ပါတယ်။ ပြီးတော့ end-user တွေ အတွက် ရည်ရွယ်တဲ့ အတွက် Microsoft က technical support ပေးပါတယ်။ ဒီမှာဆိုရင် သူတို့ကို ဖုန်းခေါ်ပြီး မေးလို့ ရပါတယ်။

Upgrade version ဖြစ်တဲ့ Windows 7 installer တွေကတော့ ရှင်းပါတယ်။ သူတို့ကို ဘာမှမရှိတဲ့ hard disk အသစ်စက်စက် ထဲကို ထည့်ခွင့် မရှိပါဘူး။ Upgrade version ကို install လုပ်ဖို့အတွက် hard disk ထဲမှာ အရင် version Windows OS တစ်ခုခု ရှိနေရပါမယ်။ ဒါမှသာ Windows 7 upgrade installer ကို သုံးပြီး install လုပ်လို့ ရမှာပါ။ ဒါပေမယ့် တစ်ကယ်တမ်းမှာ hard disk အလွတ်ထဲကို upgrade version installer တွေကို ကြံဖန်ပြီး ရအောင် ထည့်ခဲ့ကြပါတယ်။ (ရတဲ့ နည်းတွေလည်း ရှိပါတယ်)။ Upgrade installer တွေရဲ့ ဈေးက များသောအားဖြင့် OEM နဲ့ Retail ရဲ့ ကြားထဲမှာ ရှိတတ်တာ များပါတယ်။


ကျွန်တော့ laptop ထဲမှာ Windows 7 Home Premium (32-bit) OEM ကို install လုပ်ထားပါတယ်။ ကျွန်တော့ laptop က MacBook PRO ဖြစ်တဲ့အတွက် Win 7 installer OEM version ကို သီးသန့် ၀ယ်ခဲ့တာပါ။ အဲဒီ 32-bit Win7 Home Premium (OEM) ကို 120S$ ပဲပေးရတဲ့ အတွက် retail version ထက် ဈေးသက်သာ ပါတယ်။ Windows 7 32-bit ကို laptop ထဲကို install လုပ်ပြီး activate လုပ်ခဲ့ပါတယ်။ OEM ဖြစ်တဲ့အတွက် computer ပြောင်းပြီး activate လုပ်လို့ မရတော့ပါဘူး။

နောက်ပိုင်းမှာ 32-bit Windows 7 ကို မသုံးချင်တော့ပဲ 64-bit Windows 7 ကို သုံးချင်ခဲ့ ပါတယ်။ ဘာလို့လည်း ဆိုတော့ memory များများ သုံးချင်တဲ့ အတွက်ကြောင့်ပါ။ ဒါပေမယ့် OEM Windows 7 installer က ၀ယ်တုန်း 32-bit DVD တစ်ချပ်ပဲ ပါပြီး သူ့အတွက် product key တစ်ခု ပါတယ်လေ။ ဒါကြောင့် 64-bit ကို ပြောင်းပြီး အဲဒီ 32-bit မှာ ပါလာတဲ့ product key နဲ့ပဲ activate ပြန်လုပ်လို့ ရမရ မသေချာဘူးပေါ့။ Forum တွေမှာ လျှောက်ရှာကြည့်တော့လည်း တစ်ချို့က ရတယ်၊ တစ်ချို့ကလည်း မဖြစ်နိုင်ဘူး ပြောပါတယ်။ ဒါနဲ့ ကိုယ့်ဘာသာပဲ လက်တွေ့စမ်းကြည့်ခဲ့ ပါတယ်။ 64-bit Windows 7 OEM installer DVD ကို သူငယ်ချင်း တစ်ယောက်ဆီက ငှားပြီး
laptop ထဲကို install လုပ်လိုက်ပါတယ်။ ကျွန်တော် ၀ယ်ထားတဲ့ 32-bit Windows 7 installer က Home Premium ဆိုတော့ 64-bit Win7 Home Premium ကို ပဲ install လုပ်ခဲ့ပါတယ်။

ပြီးတော့ ကျွန်တော့ရဲ့ 32-bit Windows ၀ယ်တုန်းက ပါလာတဲ့ product key (serial key) နဲ့ Microsoft ကို လှမ်းပြီး online ကနေ activate လုပ်လိုက်တော့ activate လုပ်လို့ ရတာကို ၀မ်းသာစွာ တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော့အတွက် 64-bit Windows 7 OEM installer တစ်ခု ထပ်ဝယ်စရာ မလိုတော့ ဘူးပေါ့။
ဒါကိုကြည့်ရင် install လုပ်ပြီး activate လုပ်ထားတဲ့ ကွန်ပျူတာသာ မပြောင်းဘူး ဆိုရင် (စက် တူတယ်ဆိုရင်) OEM 32-bit Windows အတွက် product key ကို OEM 64-bit Windows အတွက် သုံးလို့ ရတယ်ဆိုတာ တွေ့နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ install လုပ်တဲ့ Windows တွေက ၀ယ်ထားတဲ့ 32-bit OS က Home Premium ဆိုရင် 64-bit ကလည်း Home Premium ဖြစ်ဖို့ လိုပါတယ်။ လက်ထဲမှာ ရှိထားတဲ့ 32-bit က Professional ဆိုရင် ကျွန်တော်တို့ ပြောင်းချင်တဲ့ 64-bit OS ကလည်း Professional ဖြစ်ဖို့ လိုပါတယ်။ ဒါမှသာ producct key ကို ပြန်သုံးပြီး activate လုပ်လို့ ရမှာပါ။ (Microsoft မှာ activate လုပ်ထားမှသာ တရားဝင် ပါတယ်)။

ဒါကတော့ ကျွန်တော်ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်ခဲ့တဲ့ အတွေ့အကြုံကို ပြန်ပြီး မျှဝေတာပါ။ ဒါကြောင့် computer တစ်လုံးထဲမှာပဲ 32-bit ကနေ 64-bit Windows 7 ကို ပြောင်းသုံးချင်သူတွေ အတွက် ဈေးသက်သာတဲ့ OEM installer နဲ့ အလုပ်ဖြစ်တယ် ဆိုတာ ပြောချင်ပါတယ်။ (Retail version Windows 7 installer တွေကတော့ အစကထဲက 32-bit နဲ့ 64-bit အတွက် DVD ၂ ချပ်ပါတဲ့ အတွက် product key တစ်ခုထဲကို ၂ မျိုးလုံးအတွက် သုံးနိုင်ပါတယ်။)

 Thiha Oo

http://mmitpros.ning.com

No comments:

Post a Comment

Followers