Friday, January 3, 2014
Sony Xperia ST27i (2.3.7) ကို root နည်း
Sony Xperia ကို root နည်းလေးပါ ဒီပို့စ်ကတော့ ကျနော်ကိုယ်တိုင်စမ်းသပ်ပြီးမှ အဆင်ပြေလို့တင်ပေး
လိုက်တာပါ ဒါပေမယ့် ကျနော်ကကျွမ်းကျင်အဆင့်မဟုတ်ပါဘူး ဒါကြောင့် အမှားပါခဲ့ရင်ခွင့်လွှတ်ဖို့ကြိုတင်
တောင်းပန်ထားပါတယ် ဒီဖုန်းကို နည်းမျိုးစုံနဲ့ root တာမရပါဘူး နောက်ဆုံး စိတ်မရှည်တော့လို့ Vroot နဲ့
လုပ်လိုက်မှ ရပါတော့တယ် ဒီနေရာမှာ တခုလောက်ကြားဖြတ်ပြောချင်ပါတယ် root လုပ်ပြီဆိုတာနဲ့စွန့်စား
မှုကတော့ အနည်းနဲ့အများပါ ကိုယ့်အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုအပေါ်မူတည်ပြီးတော့ အဆင်ပြေမှုမပြေ
မှု ၊ အခက်အခဲအနည်းနဲ့အများကွာခြားပါတယ် စတင် root တော့မယ်ဆိုရင် အရင်ဆုံး one click root
tool တွေနဲ့ ( ဥပမာ Vroot လိုမျိုး ) အလွယ်တကူ မလုပ်စေချင်ပါ သူတို့ကစင်းလုံးချောအဆင်ပြေတာရှား
ပါတယ် ပြီးတော့ဖုန်းလဲနာပါတယ် နောက်ဆုံးမရတဲ့အဆုံးမှ လုပ်စေချင်ပါတယ် ပထမဆုံးတော့
superuser update zip file လိုဟာမျိုးနဲ့စမ်းလုပ်ကြည့်ပါ သူတို့ကတော့ အန္တရာယ်အကင်းဆုံးပါ နောက်
သူ့အမျိုးအစားလိုက် root နည်းမျိုးစုံရှိပါတယ် အဲဒါတွေနဲ့မရတော့မှ oneclick root tool တွေသုံးပါ
ကဲအခုတော့ Sony Xperia root နည်းလေးစရအောင်ပါ ပထမဆုံး သူ့ driver ကိုအရင်ဆုံးအောက်မှာ
ဒေါင်းလိုက်ပါ
Sony Xperia Driver ( 26 MB )
ပြီးရင် Vroot နောက်ဆုံးဗားရှင်း ( 1.7.4 ) ကိုအောက်မှာဒေါင်းပါ
Download Vroot (1.7.4)
computer မှာ driver ကိုမောင်းပြီး ဖုန်းကို usb cabel ကြိုးနဲ့ချိတ်လိုက်ပါ ကွန်ပြူတာကဖုန်းကိုသိပါစေ
ပြီးရင် ဖုန်း setting မှာဝင်ပြင်ပါ usb debugging , stay awake တို့မှာအမှန်ခြစ်ပေးပါ usb connection
mode မှာ media transfer mode ( MPT ) ဖြစ်ပါစေ ဒါဆိုရင် root လို့ရပါပြီ Vroot ကို install လုပ်ပြီး
root လုပ်လိုက်ပါ ဖုန်း restart ကျသွားပြီး ပြန်တက်လာရင် superuser နဲ့ root ပေါက်သွားပါမယ်ပြီး
သွားပြီလားဆိုတော့ မပြီးသေးပါ အဲဒီမှာ ပြသနာရှိပါပြီ oneclick root tool တွေရဲ့အားနည်းချက်လား
ကျနောပဲလိုအပ်ချက်ရှိလို့လားတော့မသိပါ မြန်မာစာရိုက်ဖို့ frozen keyboard ထည့်မရပါဘူး install လုပ်
လို့ရပါတယ် change keyboard မှာပြောင်းပေမယ့် စာရိုက်ရမယ့်နေရာမှာ ကီးဘုတ်ကမဝင်ပါဘူး တခြား
ကီးဘုတ်တွေလဲမရပါ internet ကို browser ကတဆင့်ဝင်ကြည့်တော့ မြန်မာစာကိုမြင်ရပါပြီ ဒါပေမယ့်
စာရိုက်ဖို့ကီးဘုတ်ကသွင်းမရပါ ကြံဖန်ရပါတော့တယ် ကယ်တင်ရှင်ပေါ်လာပါတယ် swiftkey tabelet
keyboard ပါ သူ့ကို ဒီမှာ အသေးစိတ်လေ့လာလိုက်ပါ သူကအလွန်လန်းပါတယ် ဘာသာစကားမြောက်
များစွာကို support လုပ်ပါတယ် လိုချင်တဲ့ ဘာသာစကားကိုလဲ ဒေါင်းလုပ်ဆွဲပြီး အသုံးပြုလို့ရပါတယ်
သူ့ကို အောက်မှာဒေါင်းလိုက်ပါ
Download Swiftkey tabelete keyboard apk ( 8 MB )
ပြီးရင် ဖုန်းမှာ install လုပ်လိုက်ပါ သူ့ကို ဖွင့်လိုက်ရင် အထဲမှာ မူလဖုန်းမှာရှိတဲ့ ကီးဘုတ်တွေအပြင် မြန်
မာကီးဘုတ် ( frozen keyboard ) ကိုပါတွေ့ရပါမယ် frozen keyboard ကိုအမှန်ခြစ်ပေးလိုက်ပါ အားလုံး
အဆင်ပြေပါပြီ
အားလုံးပဲအဆင်ပြေစွာလုပ်ကိုင်နိုင်ကြပါစေ....ဇေယျာနိုင်..
Labels:
Sony Xperia root
Subscribe to:
Post Comments (Atom)
No comments:
Post a Comment