Monday, December 30, 2013

Samsung Galaxy Ace 2 GT - 18160L 4.1.2 ကို error ကင်းကင်းနဲ့လွယ်လွယ်လေးနဲ့ Root ကြမယ်

                    
Galaxy ace 2 ကို root နည်းလေးပြောပြချင်ပါတယ် မသိရင်တော့ အတော်လေးခက်ပါတယ် လိုက်ရှာရ

တာ တော်တော်မောတာပါ ဒါကြောင့်မသိသေးတဲ့သူတွေအခက်အခဲမဖြစ်အောင်ပြန်လည်ဝေမျှလိုက်တာ

ပါ အခမဲ့ဆိုတဲ့အရာတိုင်းရဲ့နောက်ကွယ်မှာတန်ဖိုးတစ်ခုတော့ရှိစမြဲပါဆိုတဲ့စကားလေးကို အရမ်းကြိုက်တာ

ပါ အစ်ကိုတယောက်ရေးထားတာဖတ်လိုက်ရလို့ပါ အလွန်ကောင်းပြီးအဖိုးတန်တဲ့စကားလုံးလေးပါ ဟုတ်

ပါတယ် သွေးထွက်အောင်မှန်တဲ့စကားပါ မသိတဲ့အရာတစ်ခုကို လိုက်ရှာဖွေပြီးလေ့လာရတာဟာအချိန်များ

စွာရင်းနှီးပြီး ဆုံးရှုံးမှုပေါင်းများစွာနဲ့ရင်းနှီးထားရတာပါ ဒါကြောင့် အလကားရတဲ့အရာဆိုပြီး ပေါ့ပေါ့လေး

တွေးပြီးအထင်မသေးကြပါနဲ့လို့တိုက်တွန်းလိုပါတယ် လေ့လာဆည်းပူးနေသူတွေသိကြမှာပါ စကားကြော

ရှည်နေတာနဲ့အကြောင်းအရာပျောက်တော့မှာပဲ ကဲ.. အစကပြန်စရအောင် galaxy ace 2 ကို root ကြရ

အောင်ပါ one click root tool တွေနဲ့တော့သွား မလုပ်ပါနဲ့နော် သူက galaxy version ပါ လွယ်လွယ်မရ

ပါဘူး update zip ဖိုင်လေးနဲ့ root မှအဆင်ပြေပါတယ် update zip လဲဟုတ်တယ် super user ဖိုင်ဆို

လဲဟုတ်ပါတယ် အောက်မှာဒေါင်းလိုက်ပါ


ဖိုင်ဆိုဒ် ( 602 KB )

Download Update Zip file

ဒီဖိုင်လေးကို myanmar mobile application ကဒေါင်းယူလာတာပါ ဒီကနေလေးစားစွာဖြင့် credit ပေး

ပါတယ် နောက်ထပ် samsung driver လိုချင်ရင်အောက်မှာဒေါင်းလိုက်ပါ root လုပ်တဲ့နေရာမှာတော့မ

လိုပါ တခြားအသုံးပြုလို့ရအောင်လိုရမယ်ရတင်ပေးလိုက်တာပါ

 Download Samsung Driver (14 MB )

 ဒီပို့စ်ကတော့လက်တွေ့စမ်းသပ်လုပ်

ကိုင်ပြီးစိတ်ချရလို့တင်ပေးလိုက်တာပါစိတ်ချလက်ချ အသုံးပြုပါလို့အာမခံပါတယ် အောက်မှာဆက်ကြည့်

ပါ လုပ်စရာလေးတွေကျန်ပါသေးတယ်  root လုပ်ဖို့ Recover Mode ကိုဝင်ရပါမယ် Recover Mode က

တော့ သူ့ဗားရှင်းအလိုက်မတူပါဘူး ဖုန်းတစ်လုံးနဲ့တစ်လုံးလဲ အမျိုးအစားမတူရင်တူနိုင်မှာမဟုတ်ပါ ဒီဗား

ရှင်းမှာတော့ Power Button + Home Button + Volume Up ကို တပြိုင်တည်းနှိပ်ပြီးဝင်ရပါတယ်

ပိုရှင်းသွားအောင်အောက်ကပုံကိုကြည့်ပါ


 photo SamsungGalaxyWI8150RecoveryModeButtonCombination_zps918e89ab.jpg

အပေါ်ပုံအတိုင်း Recover mode ထဲရောက်သွားရင် apply sdcard update zip ကို volmue down နဲ့

scroll လုပ်ပြီးရွေးပေးလိုက်ပါ ရွေးချယ်တာတော့ Home Button ပေါ့နော် တနည်းအားဖြင့် enter ပေါ့မ

သိမှာစိုးလို့ပါ ယခုမှစစမ်းကြည့်ရတဲ့သူတွေအတွက်ရည်ရွယ်ပြီးရှင်းပြနေတာပါ အဲလိုရွေးချယ်ပြီးသွားရင်

သူ့ဟာသူအလုပ်လုပ်ပါလိမ့်မယ် ခဏစောင့်ကြည့်နေတာပါ recovery mode ထဲကထွက်လို့မရသေးပါ

ပြီးသွားရင် rebot system now ကိုပြန်သွားရပါမယ် နောက်ဆုတ်တာကတော့ အပေါ်ဆုံးမှ / ( slide )

လေးနဲ့နောက်ဆုတ်ပေးပါ rebot system now ရောက်ရင် rebot လုပ်လိုက်ပါ ဖုန်းပြန်တက်လာရင် super

user လေးနဲ့ဖုန်းဟာ root လုပ်ပြီးသားဖြစ်ပါလိမ့်မယ် မြန်မာဖောင့်အတွက်အောက်မှာဒေါင်းလိုက်ပါ

Download Fontchanger apk ( 2 MB )

Download MMSD Smart Zawgyi apk ( 1 MB )

Download FrozenKeyboard 1.1.3 ( 275 KB )

အားလုံးအဆင်ပြေပါစေ  ဇေယျာနိုင် ....

No comments:

Post a Comment

Followers