Thursday, August 1, 2013

ယောကျာင်္းလေးများ.သန်မာကျစ်လစ်သာ ခန္ဓာကိုယ်ပိုင်ဆိုင်လိုလျှင်

                            

ကိုယ်ကာယအလှအားကစားများကိုယောကျာင်္းလေးများစိတ်ဝင်စားစွာပြုလုပ်လာကြပါတယ်။အားကစားဆိုတာလည်းနည်းစနစ်ကျမှ တိုးတတ်မှုမြန်ဆန်လာမည်ဖြစ်ပါတယ်။ထိုကြောင့်အားကစားလုပ်လိုသူများနဲ့လက်ရှိလုပ်နေ
 သူများစနစ်တကျလုပ်ဖို့လိုအပ်တဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ရပါတယ်...
ကောင်းမွန်စွာအနားယူပါ
သင်အားကစားခန်းမထဲတွင်အလေးများဖြင့်ချွေးရဲရဲ၊သံရဲရဲဖြင့်အားသွန်ခွန်စိုက်လေ့ကျင့်နေချိန်တွင်သင်မကြီးထွားနိုင်ပါ။လည်းကောင်းနောက်အားကစားခန်းမမှ
 အပြန်ကောင်းမွန်ပြည့်ဝသောအာဟာရများ၊ဖြည့်စွက်ဆေးများမှီဝဲပြီးနောက်လုံလောက်ကျနစွာအနားယူချိန်တွင်မှသာသင့်ပျက်ဆီးသွားသောကြွက်သားမျှင်များကပြန်လည်အသစ်တည်ဆောက်ပြီးယခင်
 ကထက်ပိုမိုကြီးထွားလာမည်ဖြစ်သည်။
လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်ကြွက်သားများကိုလှုံ့ ဆော်ခြင်းသက်သက်သာဖြစ်ပြီးစနစ်ကျသောအနားယူခြင်းနှင့်မှန်ကန်ကောင်းမွန်သောအာဟာရွေးချယ်စားသုံးခြင်းကသာကြီးထွားစေနိုင်သည်ကိုမှတ်သားထားပါ ။
 ကောင်းမွန်စွာအနားယူခြင်းကိုအလွယ်ဆုံးရှင်းပြရပါက၊အိပ်ရေး၀၀အိပ်စက်ခြင်းပင်ဖြစ်သည်။နောက်ထပ်အနားယူနည်းများစွာ၊ကြွက်သားများပြန်လည်
 အားပြည့်စေနိုင်သည့်နည်းလမ်းများစွာရှိသော်လည်းယခုဆောင်းပါးသည်လူသစ်များသို့ အထူးပြုရေးသားထားသည့်အတွက်နောက်ပိုင်းတွင်ထိုနည်းစနစ်များကိုရှင်းလင်းတင်ပြပေးပါဦးမည်။
 အအိပ်နည်းပါးခြင်းသည်ကြွက်သားတည်ဆောက်ရေးတွင်အရေးပါသော၊ကိုယ်တွင်းမှတက်စတိုစတီရုန်းခေါ်ကျား ဟိုမုန်းအထွက်နည်းစေပြီး၊ကြွက်သားမျှင်များကိုပျက်ဆီးစေသောကော်တီဆော်လ်ဟိုမုန်းထွက်ရှိမှုအားကောင်းလာစေသည်။ထို့ အပြင်အိပ်ရေးမ၀ခြင်းသည်အင်ဆူလင်လက်ခံနိုင်စွမ်းကိုလျော့ကျစေ
 ပြီး၊စားသမျှသောကာဗိုဟိုက်ဒရိတ်များကိုအဆီအဖြစ်သိုလှောင်စေနိုင်သည်ကိုမမေ့ပါနှင့်။


                          

အကြံပြုချက်အချို့ ကိုတင်ပြပေးလိုက်ပါတယ်။

 ၁-နေ့ စဉ်ညအိပ်ရာဝင်ချိန်ကိုညဆယ်နာရီခွဲနှင့်ဆယ့်တစ်နာရီအတွင်းနောက်အကျဆုံးထားပြီးအိပ်စက်
 နိုင်ရန်ကြိုးစားပါ။
 ၂-အိပ်ရာမ၀င်ခင်မိနစ်-30 မှ 60 အတွင်းတွင်ရေအေးအေးဖြင့်ရေချိုးပါ။
 ၃-ညနေခြောက်နာရီမကျော်ခင်လေ့ကျင့်ခန်းပြုလုပ်ပါ။အချို့ သောသူများသည်ညနောက်ကျမှ
 လေ့ကျင့်လျင်ညအိပ်စက်ရန်အခက်တွေ့ တတ်သည်။
 ၄-ဖုန်း၊တီဗီနှင့်အခြားသောအီလက်ထရောနစ်ပစ္စည်းများကိုပိတ်ထားပါ။
 ၅-သင့်ကွန်ပျူတာကိုည-8နာရီဆိုလျင်ပိတ်ပါ။ထိုသို့ မဟုတ်ပါကထိုကွန်ပျူတာမှထွက်သောအလင်း
 ရောင်သည်သင့် pineal gland ကိုလှုံ့ ဆော်သည့်အတွက်ညအိပ်စက်ရန်ခက်ခဲနိုင်ပါသည်။
 ၆-ဘာသာရေးအဆုံးအမများ၊သို့ မဟုတ်စိတ်လှုပ်ရှားမှုကိုသိပ်မပေးစွမ်းနိုင်သော၊ငြိမ်းချမ်းစေနိုင်
 သောစာအုပ်တစ်အုပ်အုပ်ကိုဖတ်ပါ။
 ၇-မအိပ်မှီအီလက်ထရွန်းနစ်မီးများ၏အလင်းရောင်ကိုလျော့ချထားလိုက်ပါ။
 ၈-ညစာတွင်ကာဗိုဟိုက်ဒရိတ်များကိုပါဝင်အောင်စားပါ။အဘယ်ကြောင့်ဆိုသော်ကာဗိုဟိုက်ဒရိတ်များ
 သည်သက်တောင့်သက်သာဖြစ်စေသော၊အိပ်ပျော်စေနိုင်သော serotonin ဓါတ်ကိုထွက်စေသည့်
 အတွက်ဖြစ်သည်။
 ၉-အိပ်ရာမ၀င်မှီညစာကိုနှစ်နာရီလောက်ခွာစားထားပါ။
 အထက်ပါအချက်များသည်၊ညအိပ်ရခက်သူများအတွက်သာအဓိကရည်ရွယ်အကြံပြုထားခြင်း
 ဖြစ်ပါသည်။သာမန်လူများအနေနှင့်ကတော့မလိုအပ်ပါ။ထို့ အပြင်တရားထိုင်ခြင်း၊တစ်လတစ်ခါ
 လောက်အနှိပ်ခံခြင်းများသည်လည်း၊ကောင်းမွန်စွာအနားယူခြင်းတွင်အကျုံးဝင်ပြီးကြွက်သားများကို
 ပြန်လည်အားပြည့်စေနိုင်ပါသည်။
ရည်မှန်းချက်ထားပါ
 သန်မာကျစ်လစ်သာခန္ဓာကိုယ်ရရှိဖို့အပင်ပန်းခံလေ့ကျင့်ရင်းဦးတည်ရာရည်မှန်းချက်ထားရှိပါ
 ခိုင်မာသောရေတိုရေရှည်၊ရည်မှန်းချက်များချကာကြိုးစားလေ့ကျင့်သင့်သလိုထိုရည်မှန်းချက်သို့ ပေါက်မြောက်အောင်မြင်စေနိုင်သည့်နည်းလမ်းများကိုအမြဲမြတ်ချေမပြတ်ဆည်းပူးလေ့လာနေသင့်ပါသည်။
လေ့ကျင့်မှုနည်းစနစ်များပုံသေမထားပါနှင့်
 ခန္ဓာကိုယ်သည်အမြဲတမ်းအပြောင်းအလဲများကိုနှစ်သက်လက်ခံသည့်အတွက်လေ့ကျင့်နည်းသီအိုရီတစ်မျိုးတည်းကိုသာလက်ကိုင်ထားပါကအမှားကြီးမှားပေလိမ့်မည်
 ။နှစ်လုံးပေါက်ဟဲဗီး၊ဟဲဗီးဆိုကာလေ့ကျင့်မည်ဟုရည်ရွယ်လျင်နီးစပ်ရာဆေးရုံကားဖုန်းနံပါတ်ကိုယူထားသင့်ပါသည်။အမြဲတမ်း lightWeight,higherrepsandsuperpumpဆိုပြီးကြွေးကြော်ပါကသင်သည်ဘရုစ်လီကိုယ်လုံးလောက်သာအမြင့်ဆုံးမှန်းထားပါ
 ။လေ့ကျင့်ခန်းသီအိုရီများကိုနှစ်လမှသုံးလတွင်တစ်ခါပြောင်းလဲသင့်ပါသည်။ထို့ ကြောင့်အမြဲတမ်းစနစ်တကျပြောင်းလဲနေပါ။မလိုအပ်ပဲဒဏ်ရာမရစေပါနှင်
 ။လေ့ကျင့်ခန်းပြုလုပ်ရာတွင်မိမိ၏အတ္တဖြစ်လိုဇောကိုထိန်းချုပ်တတ်ရမည်။Train Harဟူသောစကားကိုကြိုက်လျင်TrainSmartဟူသောစကားကိုလည်းမေ့မထားသင့်ပါ။လေ့ကျင့်ခန်းမပြုလုပ်မှီသွေးပူကောင်းမွန်ကျနစွာပြုလုပ်ပါ။လေ့ကျင့်ခန်းတစ်ခုချင်းစီ၏လေ့ကျင့်နည်းစနစ်အမှန်ကိုလေ့လာသင်ယူပါ။လူအများအထင်ကြီးရန်အလေးများများအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။ကိုယ်ပန်းစိတ်နွမ်းနေသည့်အချိန်တွင်မလေ့ကျင့်ပါနှင့်အခြားသောစိတ်ဖြေရာများနှင့်
 ပျော်ရွင်စွာနေလိုက်ပါ။မိတ်ဆွေဖြစ်လိုသည်ထက်ဖြစ်သင့်သည်ကိုဦးစားပေးရမည်မဟုတ်ပါလား။အချုပ်ဆိုရသော်ကာယဗလလောက၏ရှေးဟောင်းအဆိုအမိန့် လေးဖြစ်သည့်  Listen to your bodyဆိုသည့်စကားလေးဖြင့်နိဂုံးချုပ်လိုက်ပါသည်။

No comments:

Post a Comment

Followers